ဖန်ဆင်းရှင်တစ်ယောက်လို
နင်ကအချစ်ကို
ဝေပေးခဲ့တယ်
ပျော်ပျော်ကြီး
နင်လျှောက်လှမ်းမယ့်
ချစ်ခရီးလမ်းမှာ
ကောင်လေးတိုင်းရှဲ့နှလုံးသားကို
ဝေချင်တိုင်းဝေ
ကြွေချင်တိုင်းကြွေ
နင့်နာမည်ကိုငါပေးလိုက်မယ်
အသဲစားဘုရင်မရယ်
ဇော်
ခွန်ပအိုဝ်.ဆိုက်လေးမှ သူငယ်ချင်းများကိုကြိုဆိုပါတယ်
Saturday, March 30, 2013
ပိတောက်ပျိုမလေး အတွက်
သင်္ကြန်မိုးလေး တဖျောက် နှစ်ဖျောက်ရွာတော့
ပိတောက်ပင်ပျိုကလည်း အားနာပါးနာ ပွင့်ပေးတယ်
အတာကူးတဲ့ တန်ကူးရောက်လို့ ..။
အပျိုမလေး ပိတောက်တခက်ကတော့
အပင်ရဲ့ ဟိုးအမြင့်မှာ
လူတကာ မမြင်ခင် လောကကြီးကို စူးစမ်းလို့ ..။
အပျိုမလေးတွေ ပျော်တယ် မြူးတယ် ရူးတယ် မူးတယ်
လူပျိုလေးတွေ ပျော်တယ် မြူးတယ် ရူးတယ် မူးတယ် ..။
ဆယ်ကျော်သက်လဲ ပါရဲ့
အရွယ်တော် တစိတ် နှစ်စိတ်ဟိုင်းလဲ ပါရဲ့
ဖြူဖြူ ညိုညို ပျိုပျို အို.. စုံလို့ ..။
တချို့လည်း မျက်လွှာလေးချ စင်္ကြန်လျှောက်
တချို့လည်း မဏ္ဍာပ်အလယ် က ပြ ခုန် ပေါက်
အမှတ်ကလေးတော့လည်း မလွတ်စေချင်တယ် ..။
ရိုးရာတွေလည်း ပျောက်
စိတ်ဓါတ်တွေလည်း ဖောက်
အပျော်နဲ့ အပျက် ဒွေးရောယှက်တင်တယ် ..။
ဖူးစ ပွင့်စ ပိတောက်မလေးရယ်
နုနယ်ပျိုမြစ်စမို့
အတုယူ မမှားဖို့တော့ လိုလိမ့်မယ် ..။
မင်္ဂလာနှစ်သစ်ကူးလေးဖြစ်ကြပါစေ .. မင်္ဂလာရှိစွာ ကျော်ဖြတ်နိုင်ကြပါစေကြောင်း ..း))

မေ့မှာ စိုးလို့
နှုတ်ဆက်ပြီး လမ်းမခွဲ ခဲ့ပေမဲ့
တို့ နှစ်ယောက်လုံး
အလိုက်တသိ
ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ပြီ….
မလိုအပ်တော့တဲ့
ဆုံစည်းမှုကြောင့်
နောင်တ တစုံတရာ မရမိတဲ့ အတွက်
မျက်ရည်မကျဖူး… အသည်းမကွဲဖူး…။
တကယ်..မချစ်ခဲ့လို့တော့ မဟုတ်ရပါဖူး…။
ငါ့ခံစားချက်တွေက
ပေးဆပ်ခြင်း မဟုတ်ခဲ့ဖူး
ရယူခြင်းလို့လဲ မဆိုနိုင်ဖူး..
ငါ ချစ်လို့ကို…ချစ်ခဲ့တာ
တချိန်တုန်းက မင်းရဲ့ အပြုံးက
ငါ့ နှလုံးသားကို
ရစ်မူးသာယာခဲ့စေသလောက်
ခု…
နစ်မွန်း သေစေ လောက်တယ်…။
တခါမှ မတွဲခဲ့ဖူးတဲ့
မင်း..လက်တစုံကို
တခြားသူ….
လက်တစုံ နဲ့တွဲပြီး မြင်ယောင်လေလေ..
မင်း ပျော်မှာကို တွေးမိပြီး…
ငါ့ရင်မှာ နာကျင်မိ လေ.လေ..။
ဒဏ်ရာနဲ့ ၇ှင်သန်နေပေမဲ့
ငါလျှောက်တဲ့ လမ်းက မှန်တယ်….။
မျှော်လင့်ချက်မဲ့နေပေမဲ့
ငါ့ဝိဥာဉ်က ရှင်သန်နေတရ်ယယယ
မတမ်းတပေမဲ့….
လွမ်းသလိုလို အမြဲ…
အမှတ်တရ မဟုတ်ပေမဲ့
အမှတ်ရရ ၇ှိနေချင်လို့..
ချစ်သူရယ်
မေ့မှာစိုးလို့… မုန်းမိတရ်……။
တို့ နှစ်ယောက်လုံး
အလိုက်တသိ
ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ပြီ….
မလိုအပ်တော့တဲ့
ဆုံစည်းမှုကြောင့်
နောင်တ တစုံတရာ မရမိတဲ့ အတွက်
မျက်ရည်မကျဖူး… အသည်းမကွဲဖူး…။
တကယ်..မချစ်ခဲ့လို့တော့ မဟုတ်ရပါဖူး…။
ငါ့ခံစားချက်တွေက
ပေးဆပ်ခြင်း မဟုတ်ခဲ့ဖူး
ရယူခြင်းလို့လဲ မဆိုနိုင်ဖူး..
ငါ ချစ်လို့ကို…ချစ်ခဲ့တာ
တချိန်တုန်းက မင်းရဲ့ အပြုံးက
ငါ့ နှလုံးသားကို
ရစ်မူးသာယာခဲ့စေသလောက်
ခု…
နစ်မွန်း သေစေ လောက်တယ်…။
တခါမှ မတွဲခဲ့ဖူးတဲ့
မင်း..လက်တစုံကို
တခြားသူ….
လက်တစုံ နဲ့တွဲပြီး မြင်ယောင်လေလေ..
မင်း ပျော်မှာကို တွေးမိပြီး…
ငါ့ရင်မှာ နာကျင်မိ လေ.လေ..။
ဒဏ်ရာနဲ့ ၇ှင်သန်နေပေမဲ့
ငါလျှောက်တဲ့ လမ်းက မှန်တယ်….။
မျှော်လင့်ချက်မဲ့နေပေမဲ့
ငါ့ဝိဥာဉ်က ရှင်သန်နေတရ်ယယယ
မတမ်းတပေမဲ့….
လွမ်းသလိုလို အမြဲ…
အမှတ်တရ မဟုတ်ပေမဲ့
အမှတ်ရရ ၇ှိနေချင်လို့..
ချစ်သူရယ်
မေ့မှာစိုးလို့… မုန်းမိတရ်……။
ဇော်
ချစ်ဆုံးဆိုတာ...
သူငယ်ချင်းတို့ရယ် .....
နာ့မှာ မထင်မှတ်ပဲ ဆုံတွေ့ခဲ့တဲ့ သူတယောက်ရှိတယ် .....
နာတို့တွေ ခင်မြင်ပီးနောက် ...ချစ်ဆုံးလို့ခေါ်တတ်ခဲ့ပါတယ်...
ဘာလို့ ချစ်ဆုံးလို့ခေါ်လဲဆိုတာ ...သူပြောပြခဲ့တယ် ....
နာ ကိုယ်တိုင်လည်း သူ့အခေါ်အဝါကို ကြိုက်နှစ်သက်ခဲ့တယ် ....
ပြောရမယ်ဆို သူ့အခေါ်ကြောင့် သူ့ကိုပိုပီး ... ခဲ့တယ်.....
သူ့ကိုစိတ်ကောက်ခဲ့ရင်တောင်မှ
ချစ်ဆုံးလို့သူခေါ်လိုက်ရင် စိတ်ကောက်တာတောင်
ဘယ်ရောက်သွားပီလဲလို့ ပြန်ရှာရမယ်လိုလိုဖြစ်နေတယ် ...
အဲဒီလိုနဲ့ သူ့ရဲ့ ချစ်ဆုံးလို့ခေါ်သံက ...ဆွဲအားကောင်းခဲ့တယ်...။
ခုတော့ စပြီး စဉ်းစားစရာတွေ ဖြစ်လာပီလေ...........
ချစ်ဆုံး ဆိုတာ သူပြောခဲ့သလိုပဲ .. အများကြီးထဲက အချစ်ဆုံးလားးးးးးး
အကျင့်ပါပီး ချစ်ဆုံးလို့ခေါ်ခဲ့တာလား........
ချစ်ဆုံးဆိုတာ အခေါ်အဝါတခုပဲလားးးးးးးးးး
ချစ်ဆုံးဆိုတဲ့ Grammar ပဲမှားနေလား ..
နာအပေါ်ပဲ ကံဆိုးမိုးမှောင်ကျတော့မလား.....။
ချစ်ဆုံးလို့ သူ့ခေါ်သံမှာ ရင်ခုန်ခဲ့သော ကောင်မလေးတယောက်ဘယ်လို ဆက်လုပ်ရမလဲ။။။။။

တုနှိုင်းမရသောကျေးဇူးရှင်
ကြီးကြယ်လှတဲ့ မေတ္တာတရား
ခမ်းနားလှတဲံ ယုယမှု
ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရတဲံ
နွေးထွေးခြင်းများစွာနဲ့
ရင်မှ ပေါက်ဖွားလားတဲ့
သားသ္မီးတွေကို
လောကနဲ့ ယဉ်ဘောင်တန်းနိုင်အောင်
ပြုစုစောင့်ရှောက်ပေးတဲ့
မိဘတွေရဲ့ မေတ္တာကို
ဘယ်အရာနဲ့မှ လဲလို့မရမှန်း
သားသိခဲ့သလို
ပျော်ရာမနေ တော်ရာနေ၍
ချိန်တွေရှိခိုက် လုံးလဆိုက်နော်ဆိုတဲ့
ကျေးဇူးရှင်မိဘနှစ်ပါးရဲ့
စကားသံလေးတွေကလဲ
သားဘ၀ကို တိုးတက်အောင်
ဖန်တီးပေးမယ်ဆိုတာ
သားယုံကြည်မှုတွေ
ခိုင်ခိုင်မာမာရှိခဲ့မိပါပြီ....
ဇော်
ခမ်းနားလှတဲံ ယုယမှု
ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရတဲံ
နွေးထွေးခြင်းများစွာနဲ့
ရင်မှ ပေါက်ဖွားလားတဲ့
သားသ္မီးတွေကို
လောကနဲ့ ယဉ်ဘောင်တန်းနိုင်အောင်
ပြုစုစောင့်ရှောက်ပေးတဲ့
မိဘတွေရဲ့ မေတ္တာကို
ဘယ်အရာနဲ့မှ လဲလို့မရမှန်း
သားသိခဲ့သလို
ပျော်ရာမနေ တော်ရာနေ၍
ချိန်တွေရှိခိုက် လုံးလဆိုက်နော်ဆိုတဲ့
ကျေးဇူးရှင်မိဘနှစ်ပါးရဲ့
စကားသံလေးတွေကလဲ
သားဘ၀ကို တိုးတက်အောင်
ဖန်တီးပေးမယ်ဆိုတာ
သားယုံကြည်မှုတွေ
ခိုင်ခိုင်မာမာရှိခဲ့မိပါပြီ....
ဇော်
အချစ်ဦး..
လမင်းရဲ့
အချစ်ဦးက
အရှေ့မိုးကောင်းကင်ကြီး
ပန်းလေးများရဲ့
အချစ်ဦး
ရွေလိပ်ပြာ
အကယ်၍...
အချစ်ရဲ့အချစ်ဦးက
ငါဧ။်မျက်လုံးများသာဖြစ်ခဲ့မယ်ဆိုရင်....
ဇော်
အချစ်ဦးက
အရှေ့မိုးကောင်းကင်ကြီး
ပန်းလေးများရဲ့
အချစ်ဦး
ရွေလိပ်ပြာ
အကယ်၍...
အချစ်ရဲ့အချစ်ဦးက
ငါဧ။်မျက်လုံးများသာဖြစ်ခဲ့မယ်ဆိုရင်....
ဇော်
Subscribe to:
Posts (Atom)